
ကံကောင်းချင်တယ်
Lyrics
V1ငယ်စဉ်ထဲက ကျနော့ရဲ့ဘဝဝယ်
ပညာမတတ်လို့
ဆင်းရဲတွင်းမှာပဲ
ပင်ပင်ပန်းပန်းနဲ့
အလုပ်လုပ်ရတယ်
ဘယ်သူကများ ကျနော့ဘဝကို စာနာမလဲ
ကံတရားရဲ့အကျိူးပေးကြောင့်ကွယ်
လူပုံအလယ်(အို)ထွက်
မျက်နှာငယ်
ဆိုးလွန်းလှတဲ့ ဉပဓိရုပ်နဲ့ မသန်စွမ်းတစ်ယောက်ပါပဲ
V2
ဒီအဖြစ်ဆိုးများက
ကျနော့ရဲ့ဘဝဝယ်
ဘယ်အခါမှ လွတ်မြောက်နိုင်မလဲ
တစ်ခါလောက်တော့ဖြင့် ကျနော့ရဲ့ဘဝမှာ
ကံကောင်းခြင်းများရချင်တယ်
Cho
ဝဠ်ကြွေးရယ် ကြီးမားလွန်းတယ်
ဘာကြောင့်များ
ဒီလောက်ထိဆိုးရသလဲ
လူတစ်ချိူ့ရဲ့မလိုမုန်းထားအကြည့်နဲ့
ဘာကြောင့်များ သူတို့
ကြည့်ရက်တာလဲ
မသိတော့ပါကွယ်
V3
အောင်မြင်ခြင်းများက
ကျနော့ရဲ့ဘဝဆီ
ဘယ်အခါမှ
ရောက်လို့လာမလဲ
ဝါသနာကြီးလွန်းတဲ့
ကိုယ့်ရဲ့အဖြစ်ရယ်
ဂီတသမားလေးတစ်ဦးတော့ ဖြစ်ချင်တယ်
ဟိုစဉ်အတိတ်ဘဝက
ပြုခဲ့တဲ့ကံ
ဒီဘဝလဲ ပြန်အကျိူးပေးနေမယ်
ရှင်တော်မြတ်ဘုရား
ဟောကြားခဲ့တယ်
ဘယ်သူကများ
(အို)ငြင်းနိုင်မလဲ
Make your own song with SoundLab AI · Turn your own lyrics into a song